ကျိုင်းတောင်းမြို့ အ.ထ.က(တုန်ဟုန်း)ကျောင်း၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဟောပြောပွဲဆောင်ရွက်

ကျိုင်းတောင်း ဇူလိုင် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က (တုန်ဟုန်း) တွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်၌ ကျိုင်းတောင်မြို့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများ စုပေါင်း၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျိုင်းတောင်းမြို့ နယ်မြေခံရဲစခန်းမှ စခန်မှုးရဲအုပ်မျိုးဇော်မှ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ရှင်းလင်းပြောကြာပေးခဲ့ပြီး ယာဉ်စည်းကမ်း လမ်းစဉ်းကမ်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူကုန်ကူးမှု ရဲတပ်ဖွဲ့(လွိုင်လင်) ရဲအုပ်ဝေဖြိုးမောင်မှ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဟောပြောမှုများ၊ လက်ကမ်းစာစောင်ဖြန့်ဝေမှုများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် လူကုန်ကူးမှုဆိုင်ရာ ဗဟုသုတများ၊ အကြောင်းအရာများနှင့် ကြုံတွေ့နိုင်သော ဖြစ်စဉ်များအား အပြန်အလှန် ဆွေးနွေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီ ပါဝင်ဆွေးနွေး ဖြေကြားပေးသေား ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ ဘောပင် ဆုချခြင်းများ ဆာင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ ကျိုင်းတောင်းမြို့ အ.ထ.က (တုန်ဟုန်း) ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျိုင်းတောင်းမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး စုစုပေါင်း (၃၀၀) ခန့်မျှ ဟောပြောပွဲတက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကို (ပြန်/ဆက်)