ရေတာရှည် ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျန်သနွယ်ကျေးရွာအုပ်စု၊ မြန်မာ့သစ်လုပ်ငန်း၊ နန်ချွန်သင်တန်းကျောင်းဝန်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အဆင့် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာ မများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူလူထုများ စုစုပေါင်း အင်အား (၁၄၉) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများမှ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ မဟော်ဂနီ၊ ခရေ၊ ယမနေ၊ စုစုပေါင်း အပင် (၃၀၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)