သတင်းများ

သုံးခွမြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက (မြို့မ) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဘာသာရပ်အလိုက် ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 14,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ ပြည်သူများအား ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဘာသာရပ်အလိုက် ဆေးကုသမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ မောက်မယ်မြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Jul 14,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူနှင့် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်၁၀နာရီက ဘောလုံးအားကစားကွင်းအား စနစ်တကျပြုပြင်တည်ဆောက်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများနှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အားကစားပစ္စည်းများထောက်ပံ့ပေး၍ အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများအားညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ ကျောင်းသုံးစာရေးကိရိယာများနှင့် အားကစားပစ္စည်းများကို ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး နှစ်၁၅၀ကျော် ရှေးဟောင်းသမိုင်းဝင်မောက်စံဘုန်းတော်ကြီးကျောင်း၌ ဆီမီး၊ ပန်း၊ ရေချမ်းတို့ဆက်ကပ်ပူဇော်လှူဒါန်း၍ ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၍ ရှေးဟောင်းစာပေပရဗိုဒ်များသွားရောက်လေ့လာခဲ့ပြီး မောက်မယ်မြို့နယ်ပြည်သူ့ဆေးရုံသို့သွားရောက်ကာ ဆေးရုံတက်ရောက်နေသည့်လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံအတွက်ကျန်းမာရေးသုံးဆေးပစ္စည်းများနှင့် အလှူငွေများအားပေးအပ်လှူဒါန်းကာ မြို့နယ်ဆရာဝန်ကြီးနှင့်တာဝန်ရှိသူများက လက်ခံရယူကြသည်။
အထူးကုဆေးကုသရေးအဖွဲ့ ကွင်းဆင်းဆေးကုသပေးမည်
Jul 14,2026
ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူများလက်လှမ်းမီရရှိနိုင်ရန်၊ ဆေးကုသမှုအတွက် လူနာမှစိုက်ထုတ်ကုန်ကျစရိတ်လျော့နည်းစေရန်၊ ရောဂါများကိုအချိန်မီစောစီးစွာ သိရှိကုသမှုခံယူနိုင်စေရန်ရည်ရွယ်၍ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ ပြည်သူ့ဆေးရုံ၌ ဇူလိုင် ၁၈ ရက်တွင် ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့၌ အခွန်ဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်
Jul 14,2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ် (Tax Awarness Campaigm) အစီအစဉ်ဖြင့်ကျင်းပသည့် အခွန်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက၊ တောင်ကြီးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်း‌ကျောင်း၌ ကျင်းပရာ ရှမ်းပြည်နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အမှတ်(၄)အရက်ချက်စက်ရုံ၊ ကြွေထည်ပစ္စည်း ထုတ်လုပ်ရေးဌာန (မော်လမြိုင်) စက်ရုံနှင့် ကျောက်တန်းစက်ရုံစုရှိ M rubber Co.ltd (ခရမ့်ရော်ဘာ) စက်ရုံတို့အား ကွင်းဆင်းစစ်ဆေး
Jul 14,2026
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မုပွန်နတ်ကျွန်းရပ်ရှိ စက်မှု၊ အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် Shwe Mawlamyine Beverage Enterprise Co; Ltd တို့အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မော်လမြိုင် အမှတ် (၄) အရက်ချက်စက်ရုံနှင့် မော်လမြိုင်မြို့၊ မုပွန်ရပ်ရှိစက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် Chords & Chain Myanmar Co; Ltd တို့အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကြွေထည်ပစ္စည်း ထုတ်လုပ်ရေးဌာန (မော်လမြိုင်) စက်ရုံတို့အားကွင်းဆင်း စစ်ဆေးကြည့်ရှုပြီး စက်ရုံများ၏ လက်ရှိအခြေအနေ၊ စက်ရုံများမှတင်ပြသည့် တင်ပြချက်များအပေါ် လိုအပ်သည်များ ကူညီပေါင်းစပ်​ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆိပ်ဖြူမြို့နယ်၌ စက်သုံးဆီအရောင်ဆိုင်များ သတ်မှတ်စည်ကမ်းများနှင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jul 14,2026
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီများကို သတ်မှတ်စည်ကမ်းများနှင့် ရောင်းချခြင်းရှိမရှိနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်များ ဆောင်ရွက်ထားရှိမှု ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှမ်းပြည်နယ် စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း တရုတ်အစားအစာ ချက်ပြုတ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်
Jul 14,2026
ဟိုတယ်၊ ခရီးသွားလာမှုနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ Kunming Vocational University of Science and Technology နှင့် ဖူကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့်ကျင်းပသည့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက၊ တောင်ကြီးမြို့၊ မဟာယနဘုရားရှိခိုးကျောင်း၌ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်း၊ ဖူကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ပြည်နယ်/ ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။