ကလေး ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးငွန်ဘွလ်ထန်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ၊ ရပ်ဖများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးဝန်ကြီး ဦးငွန်ဘွလ်ထန်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများ၊ လုပ်ငန်းရှင်များ၏ ဒေသအတွင်းလိုအပ်ချက်များနှင့် ပတ်သက်၍ တင်ပြချက်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးထက်က ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည်များကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ စစ်ကိုင်းတိုင်းဒသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ပြန်လည်ဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)