သတင်းများ

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကာလိမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးလျက်ရှိ
Jan 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကာလိမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစိုင်းထွန်းဆာနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်တွင် အမှတ်(၄)ရပ်ကွက်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။
စုကလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ အိုမီခရွန်(Omicron) ရောဂါအကြောင်း အသိပညာပေးTalk Show ပြုလုပ်
Jan 21,2022
ကမ္ဘာတစ်၀န်းလုံးတွင် ဖြစ်ပွားလျက်ရှိသောကိုဗစ်-၁၉ ရောဂါ၏မျိုးစိတ်တစ်ခုဖြစ်သည့် အိုမီ ခရွန်(Omicron) ရောဂါအကြောင်း အသိပညာပေး Talk Show အား စုကလိမြို့ပြည်သူ့ စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန(Community Center) တွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှုးဦးစောအယ်လင်းနှင့် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်တို့မှ အသိပညာပေး ဆွေးနွေးပေးခဲ့ကြသည်။
နမ့်စန်မြို့ Community Centre တွင် Book Club အဖွဲ့၏ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့်  စာဖတ်ဝိုင်းဆောင်ရွက်
Jan 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်စာပေဝါသနာရှင်များအသင်း၏ ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် စာဖတ်ဝိုင်းကို ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လယ် ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌အသက် (၁၈)နှစ် အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးလျက်ရှိ
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ် ၌ ကိုဗစ်-၁၉ရောဂါကူးစက်မှုရောဂါကြောင့် သေဆုံးသူ ရောဂါကူး ဆက်ခံရမှုများ လျော့နည်းစေရန်   ရည်ရွယ်၍ ၊  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး      အစီ အစဉ်များအရကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီက အမှတ် (၄)ရပ်ကွက်‌ ဃောသိတာရုံ မဟာရွှေကျင်ကျောင်းတိုက် ရှိ သာသနာ ၂၅၀၀ ဆုတောင်းပြည့်ဘုရား တန်ဆောင်း တွင် အသက်၁၈နှစ်  အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်၊
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံးတွင် စာဖတ်ဝိုင်းကျင်းပ
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာရေးဆရာ ကျော်ဝင်းဟိန်း (ပခုက္ကူ) ရေးသားသော ''နှလုံးသားယဉ်ကျေးမှု စာစုများ ''စာအုပ်ဖြင့် စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် နည်းပညာတက္ကသိုလ်(မကွေး) မိုးလုံလေလုံ အားကစားခန်းမနှင့် ပင်မဆောင်ရှေ့ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားတက်
Jan 21,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မကွေး)ရှိ မိုးလုံ လေလုံ အားကစားခန်းမနှင့် ပင်မဆောင်ရှေ့ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ခဲ့သည်။
ကျိုက်ဒုံမြို့၊အမှတ် (၃) ရပ်ကွက် မကွေးလမ်းအုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Jan 21,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာနှစ်ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၁၃.၀၀၀ )ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၃)ရပ်ကွက်၊ မကွေးလမ်း အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။