သတင်းများ

ကျိုက်လတ်မြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင် ကာကွယ်ရေး အသိပညာပေး  လိုက်လံနှိုးဆော်
Jan 21,2022
ဧရာဝတီတိုင်း ဒေသကြီး ၊ ဖျာပုံခရိုင် ၊ ကျိုက်လတ် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ရာတွင် ပူးပေါင်း ပါဝင်နိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ကျိုက်လတ်မြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ယနေ့ နံနက် ၉ နာရီ က  မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည် ကြေညာခဲ့ကြသည်။
အမ်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိ
Jan 21,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများသည် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများပြုလုပ်နိုင်ရန် တောင်ဖီလာကျေးရွာအုပ်စုနှင့် နရုံတောင်ကျေးရွာအုပ်စုများရှိ ကျေးရွာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ပြုလုပ်ပေး လျှက်ရှိကြောင်းသိရသည်။
မိုးညှင်း​မြို့၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်/ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ မှတ်တမ်းတင်ဂုဏ်ပြုလွှာများအား ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 21,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်/ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ မှတ်တမ်းတင်ဂုဏ်ပြုလွှာများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီတွင် စုပေါင်းရုံးရှိ ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အုတ်သဲ ကျောက်လုပ်ငန်း လုပ်ကိုင်နေသူလုပ်ငန်းရှင်များ ဥပဒေနည်းဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီလုပ်ကိုင်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Jan 21,2022
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ အုတ်၊ သဲ၊ ကျောက် လုပ်ကိုင် သည့် လုပ်ငန်းရှများအားဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီလုပ်ကိုင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြည့်ရှုခြင်းကို ယမန် နေ့နံနက် ၁၁ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၌  အားကစားဆိုင်ရာအသိပညာပေး ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း
Jan 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ အားကစားနှင့်ကာယပညာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများသို့သွားရောက်၍ ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အားကစားဆိုင်ရာ အထောက် အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊တောင်သာမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ  အိုမီခရွန်  ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်(၉) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့သွားရောက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စာဖတ်ခြင်း၏ အကျိုးကျေးဇူးများဖြင့် အသိပညာ ဗဟုသုတမျှဝေရေး စာဖတ်ဝိုင်းကျင်းပ
Jan 21,2022
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာ အသင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့်အခြေခံပညာ ကျောင်းများ ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင်ဗဟုသုတများ ဆွေးနွေးဖလှယ်နိုင် စေရန်နှင့် စာတတ်သူတိုင်း စာဖတ်လာစေရန် ရည်ရွယ်၍ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီက စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်
Jan 21,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာကြ စေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။