စုကလိ ဇန်နဝါရီ ၂၁
ကမ္ဘာတစ်၀န်းလုံးတွင် ဖြစ်ပွားလျက်ရှိသောကိုဗစ်-၁၉ ရောဂါ၏မျိုးစိတ်တစ်ခုဖြစ်သည့် အိုမီ ခရွန်(Omicron) ရောဂါအကြောင်း အသိပညာပေး Talk Show အား စုကလိမြို့ပြည်သူ့ စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန(Community Center) တွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှုးဦးစောအယ်လင်းနှင့် စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ပိုပိုအောင်တို့မှ အသိပညာပေး ဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ မျိုစိတ်သစ်တစ်ခုဖြစ်သည့် အိုမီခရွန်အကြောင်း၊ ရောဂါကူးစက် ပြန့်ပွားလာပုံအဆင့်ဆင့် နှင့်မျိုးကွဲများအ ကြောင်း၊ WHO မှအသိပေးချက်နှင့် ကိုဗစ်-၁၉ အိုမီခရွန်နှင့် မြန်မာနိုင်ငံ ပိုးတွေ့လူနာစာရင်း၊ ရောဂါလက္ခဏာများအကြောင်း ကာကွယ် ဆေး အကြိမ်ပြည့်ထိုးနှံကြရန်နှင့်၊ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကြေငြာချက်များ၊ လိုက်နာနိုင်ရန်နှင့် ဆောင်ရန်ရှောင်အချက်များ၊ အပြင်သွားတိုင်း နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာကြရန်နှင့် အပြင်မှပြန်လာပြီးတိုင်း လက်ကို စက္ကန့် ၂၀ကြာအောင်ဆေးကြောရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ဆေးကုသမှုခံယူကြရန်နှင့် နိုင်ငံတော်မှ အခမဲ့ ထိုးနှံပေးသည့်ကာကွယ်ဆေးများအား အကြိမ်ပြည့် ထိုးနှံကြရန်တို့ကို အသိ ပညာပေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်မှု (Talk Show)အား We love Sukali pages တွင် အချိန်နှင့်တပြေးညီ တင်ဆက်ပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။
ပိုပိုအောင်