သင်္ဃန်းကျွန်း ဇန်နဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စာရေးဆရာ ကျော်ဝင်းဟိန်း (ပခုက္ကူ) ရေးသားသော ''နှလုံးသားယဉ်ကျေးမှု စာစုများ ''စာအုပ်ဖြင့် စာဖတ်ဝိုင်းကို စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်၊ အ.မ.က(၂၃) ကျောင်းအုပ်ဆရာကြီး ဦးအုန်းထွန်းလင်းမှ စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသေားသော'' နှလုံးသားယဉ်ကျေးမှုစာစုများ'' စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေချစ်သူများမှ ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ ပိုမိုများပြားလာစေရန်၊ အသက်အရွယ်မရွေး စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတများရရှိပြီး ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သော အတွေးအခေါ်များ ရရှိစေရန်နှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှု တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဉ်ကျင်းပ ပေးလျက်ရှိသည်။
စန္ဒာမိုး