ဒလမြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၄၄၀၀၀ ကျော်အား WFP မှ ဒုတိယအကြိမ်မြောက် တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ်နှုန်းဖြင့် ထောက်ပံ့လှူဒါန်း
Dec 13,2021
အခြေခံစားနပ်ရိက္ခာလိုအပ်ချက်ရှိသော အိမ်ထောင်စုများအတွက် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာ(ဆန်)များ ထောက်ပံ့ပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆင်းရဲ နွမ်ပါးမှုအမြင့်ဆုံး မြို့နယ်များတွင် နေထိုင်သည့် အိမ်ထောင်စုများသို့ တစ်အိမ်ထောင်လျှင် ၅၀ ကီလိုဂရမ် (၂၄)ပြည်ခွဲခန့် ဆန်တစ်အိတ်စီကို လိုက်လံထောက်ပံ့လှူဒါန်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ အောက်တိုဘာလအတွင်း ပထမအကြိမ် အိမ်ထောင်စုပေါင်း ၄၃၅၆၈ စုကို ပေးဝေခဲ့ပြီး၊ ဒုတိယအကြိမ်မြောက်အဖြစ် အိမ်ထောင်စုပေါင်း ၄၄၇၇၂ စုအား ဒီဇင်ဘာလ ၉ ရက်နေ့က စတင်ပြီး မြို့နယ် အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ အိတ်နှုန်းဖြင့် လှူဒါန်းပေးဝေလျက် ရှိကြောင်းသိရသည်။