ကျိုက်လတ် ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ် ၌ ကိုဗစ်-၁၉ရောဂါကူးစက်မှုရောဂါကြောင့် သေဆုံးသူ ရောဂါကူး ဆက်ခံရမှုများ လျော့နည်းစေရန် ရည်ရွယ်၍ ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ဦးစားပေး အစီ အစဉ်များအရကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉နာရီက အမှတ် (၄)ရပ်ကွက် ဃောသိတာရုံ မဟာရွှေကျင်ကျောင်းတိုက် ရှိ သာသနာ ၂၅၀၀ ဆုတောင်းပြည့်ဘုရား တန်ဆောင်း တွင် အသက်၁၈နှစ် အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကျိုက်လတ်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၅) ရပ်ကွက် နှင့် လှည်းဆိပ်ကျေးရွာအုပ်စု တို့မှ ပထမအကြိမ်ကာကွယ်ဆေးထိုးပြီးသူ (၁၀၆)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့်အသက် (၁၈)နှစ် အထက် ပြည်သူ(၁၁၀ )ဦးအား ပထမအကြိမ် ကာကွယ်များ ထိုးနှံပေး ခဲ့ကြောင်းသိရသည်။
ကျိုက်လတ်မြို့နယ် တွင် အသက်(၁၈)နှစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးရန် လျာထားဦးရေ (၁၃၇၇၆၆) ရှိပြီး ယနေ့အထိ ကာကွယ်ဆေးထိုးပြီးသူ ဦးရေ(၈၄၄၅၅)ဦးရှိပြီဖြစ်ကြောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။
အဆိုပါကာကွယ်ဆေးလာရောက်ထိုးနှံသူပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ ၊လူမှုရေးအသင်းအဖွဲ့များမှ ကိုဗစ်-၁၉ကြိုတင် ကာကွယ်ရေး သတ်မှတ်စည်းကမ်းများ နှင့် အညီ ကာကွယ် ဆေးထိုးနှံနိုင်ရေး ကူညီဆောင်ရွက်ပေး ခဲ့ကြကြောင်းသိရသည်။
ဌေးဌေးလှိုင်