နမ့်စန်မြို့ Community Centre တွင် Book Club အဖွဲ့၏ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့်  စာဖတ်ဝိုင်းဆောင်ရွက်

နမ့်စန်() ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် မြို့နယ်စာပေဝါသနာရှင်များအသင်း၏ ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် စာဖတ်ဝိုင်းကို ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့ နေ့လယ် ၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က စာဖတ်ဝိုင်းများ လစဉ်ပုံမှန် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ မြို့နယ် Book Club အနေဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်မိတ်ဆက်အစီအစဉ်များကို ပုံမှန်ဆောင်ရွက်သွားရေး၊ ပညာရေးဌာနနှင့် ပူးပေါင်း၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ဆောင်ရွက်သွားရေးတို့ကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်စာပေဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များက ပြန်လည် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက စာရေးဆရာ ဦးလှဝင်း (လေသူရဲတစ်ဦး) ရေးသားသည့် ပါပီလွန်နှင့် ဗင်ကို(PAPILLON & BANCO) စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများ တိုးပွားလာစေရန်နှင့် စာဖတ်သူ အချင်းချင်း ဗဟုသုတများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး စာဖတ်ဝိုင်းသို့  မြို့နယ်စာပေ ဝါသနာရှင်များအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာရေးဆရာများနှင့် ပြန်/ဆက် ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်