သတင်းများ

မိုင်းဖြတ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် “စာဖတ်ဝိုင်း” ပူးပေါင်းဆောင်ရွက်
Jan 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club၊  Youth Club အသင်းတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာရေးဆရာ ပါမောက္ခ ဒေါက်တာအောင်အောင်မင်း၏ “အကယ်ဒမစ် လွတ်လပ်ခွင့်၊ အကယ်ဒမစ် အရည်အသွေးနှင့် ပညာရေးအတွေးအမြင်” စာအုပ်ဖြင့် “စာဖတ်ဝိုင်း” ကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
မအူပင်ခရိုင် Community Centre ခန်းမ၌ အိုမီခရွန်(Omicron)ရောဂါအကြောင်းအသိပညာပေး Talk Show ဆောင်ရွက်
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ပြည်သုများ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ အကြောင်းသိရှိစေရန် ရည်ရွယ်၍ အိုမီခရွန်ရောဂါ အကြောင်းအသိပညာပေးTalk Show ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေး အတွက် အသိပညာပေးနှိုးဆော်မှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုးကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ၌  မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေးနှိုးဆော် မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံ
Jan 21,2022
မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းသည် မိတ္ထီလာခရိုင် သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူများနှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Jan 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာခွဲအချိန်ခန့်က စာရေးဆရာ ချစ်စံဝင်းရေးသားသော " မဆုတ်တမ်း-မနစ်တမ်း-မေလျာ့တမ်း" စာအုပ်ဖြင့် စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန်(Omicron)သိကောင်းစရာအသိပညာပေးTalk Show ဆွေးနွေးပွဲကျင်းပ
Jan 21,2022
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား အသိပညာဗဟုသုတများ အထွေထွေ ဗဟုသုတများတိုးပွားလာစေရေးနှင့် သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီးကွင်းဆောင်ရွက်ခြင်းများနှင့် iprd Facebook page အွန်လိုင်းမှတဆင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
လောက်ကိုင်မြို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး အဆောက်အဦပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ
Jan 21,2022
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးရုံး ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးဝန်း၌ ကျင်းပသည်။
ကြံခင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ် 
Jan 21,2022
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်(၇)နာရီခွဲအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက် နာရီစင်ထိပ်နှင့် မဟာဘောဂလမ်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။