ကျိုက်ဒုံ ဇန်နဝါရီ ၂၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ(၂၀၂၀-၂၀၂၁)ခုနှစ်၊ ဘဏ္ဍာနှစ်ပြည်နယ်ဘတ်ဂျက် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ(၁၃.၀၀၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၃)ရပ်ကွက်၊ မကွေးလမ်း အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ အုတ်စီရေမြောင်းပြုလုပ်ဆောင်ရွက်ရာတွင် ရေမြောင်းပေအရှည်(၇၆၀)ပေ၊ အကျယ်(၂)ပေ၊ အနက်(၃)ပေရှိပြီးမိုးရာသီ ကာလတွင် ပြည်သူများအနေဖြင့် သွားရေးလာရေး အခက်အခဲမရှိစေ ရေး၊လမ်းပေါ်၌ ရေများမဝပ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ကျိုက်ဒုံမြို့စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်းအင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်