ရမည်းသင်း ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့ တွေ့ရှိမှု နှုန်း မရှိစေရန်နှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်ပိုး သတိပြုကာကွယ်ရေးနှင့်ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ လိုက်နာရန်နှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံရေးစဉ်ဆက်မပြတ်အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စီဗီ လှိုင်းရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက စီဗီလှိုင်းရပ်ကွက်ကြီး အတွင်း လှည့်လည်အသိပေး နှိုးဆော်ကြောင်း သိရသည်။
ထိုသို့ လှည့်လည်အသိပေးနိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့်ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် အတတ်နိုင်ဆုံးမိမိနေ အိမ်တွင်း၌သာ နေထိုင်ခြင်းနှင့်လူစု လူဝေးကို တတ်နိုင်သမျှရှောင်ကြဉ်ရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့်လူအများစုဝေးရာသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှာခေါင်း စည်း စနစ်တကျတပ်ဆင်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ အလှည့်ကျရရှိလာသည့် ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်မပျက် မကွက်ထိုးနှံကြရန်၊သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကာကွယ်ဆေးထိုးပြီး သော်လည်း ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်တို့ကို ပြည်သူများအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)