မော်လမြိုင် ဇန်နဝါရီ ၂၁
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇန်နဝါရီ ၂၀ နံနက်ပိုင်းက သထုံမြို့နယ် အင်းရှည်ရွာတွင် စက်မှုနယ်မြေ (သထုံ) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံမှ လက်ရှိစက်ရုံအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် ၍ ကိုဗစ်-၁၉ ကာလအတွင်းထိခိုက်ခဲ့သည့် လူမှုစီးပွားဘဝ ပြန်လည်ကုစားမှုအနေဖြင့် ဒေသတွင်းပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ဒေသထွက် ထုတ်ကုန်များကို ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ ဖြန့်ဖြူးရောင်းချနိုင်ရေးရည်ရွယ်၍ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့အတွက် စက်ရုံနယ်မြေများ၊ စက်မှုဇုန်များ၊ စက်ရုံစုများ တည်ထောင်နိုင်ရေး အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း နှင့်စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးပေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သထုံမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၌၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း ဧက ၃၅၀ ဖော်ထုတ် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စပါးစိုက်တောင်သူများအနေဖြင့် စိုက်ပျိုး ရေးသွင်းအားစုများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် လယ်ယာမြေအဆင့် မြှင့်တင် ခြင်းနှင့်အခြားလိုအပ်သည်များကို ကူညီထောက်ပံ့ပေးလျက်ရှိသကဲ့သို့ဆန်ရေစပါးပေါများစွာ စိုက်ပျိုးထုတ်လုပ် နိုင်ရေး၊ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေး အလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများနှင့် တွေ့ဆုံ ကာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဓိကထားဆောင်ရွက်ပေးကြရန် လိုကြောင်းတိုက်တွန်း မှာကြား၍ လိုအပ်သည်များတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် ပြည်နယ်တစ်ခုဖြစ်သည်နှင့်အညီ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကို အသုံးပြုခြင်းဖြင့်သီးနှံအထွက်နှုန်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန် တောင်သူများ အားစိုက်ပျိုးနည်းစနစ်ပညာပေးခြင်း၊ မျိုးစပါးများ၊ ဓါတ်မြေဩဇာများ၊ လယ်ယာမြေစိုက်ကွက်များ ဖော်ထုတ် ပေးခြင်းအပြင် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများအား အချိုးကျ၊ အချိန်ကိုက်စနစ်တကျ ထည့်သွင်းအသုံးပြု နိုင်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)