ရမည်းသင်း ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား မြို့နယ်ပေါင်းစုံ မြန်မာ့ရိုးရာခြင်းလုံး(၆ ပေါက်တန်း)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီက ရမည်းသင်းခရိုင်အားကစားကွင်း၊ ခရိုင်အားကစားခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ မြန်မာ့ရိုးရာခြင်းလုံး (၆ပေါက်တန်း)ပြိုင်ပွဲဆုချီးမြှင့်ပွဲ မစမီပထမဆုရရှိသည့် ပျော်ဘွယ် မြို့နယ်(က)အသင်းမှ ရိုးရာခြင်းလုံးအလှခတ် သရုပ်ပြသခဲ့ပြီးတတိယ၊ ဒုတိယနှင့်အကောင်းဆုံး ကစားသမားဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များကဆုတံဆိပ်နှင့် ငွေသားဆုတို့ကို အသီးသီးချီးမြှင့်ပေးအပ်ကာ ရမည်းသင်းခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ပထမဆုရရှိသည့်ပျော်ဘွယ်မြို့နယ်(က) အသင်းအားဒိုင်ဆုနှင့် ငွေသားဆုတို့ကိုပေးအပ်ချီးမြှင့်သည်။
ရမည်းသင်းမြို့နယ်အတွင်း မြန်မာ့ရိုးရာခြင်းလုံး(၆ပေါက်တန်း)ပြိုင်ပွဲကို ပျော်ဘွယ်မြို့နယ်မှ (၃)သင်း၊ ရမည်းသင်းမြို့နယ်မှ(၃)သင်းစုစုပေါင်း (၆)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရ သည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)