သတင်းများ

ဘီးလင်းမြို့နယ်၌ ပန်းခင်းစီမံချက်​ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်
Dec 09,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုးမောက်မြို့နယ်အတွင်းရှိ ပြည်သူများကာကွယ်ဆေးလွှမ်းခြုံနိုင်ရန် ကိုဗစ်−၁၉ ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေး
Dec 09,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း ဆေးထိုးရန်ကျန်ရှိသည့် အသက်၁၈နှစ်နှင့် အထက်ဒေသခံပြည်သူ များ ကာကွယ်ဆေးလွှမ်းခြုံမှုရှိစေရေးအတွက် ကိုဗစ်−၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီမှ စတင်၍ ကြေးနန်းရပ်ကွက် ခရစ်ယာန်ကတ်သလစ် ဘုရားကျောင်းနှင့် အလင်းကောင်ရပ်ကွက် တရုတ်ဘုံ ကျောင်းတို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အင်းစိန်မြို့နယ်ရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်လှည့်လည်ကာ အသံချဲ့စက်ဖြင့် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်
Dec 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက နှိုးဆော်ခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူ (၆၈,၀၃၁)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပေးပြီးဖြစ်ရာ ဆက်လက်ထိုးနှံလျက်ရှိ
Dec 09,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများ၊ စက်ရုံ/အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ၊ Volunteer များ၊ နိုင်ငံ့ဝန်ထမ်းများ /ဝန်ထမ်း မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူ များအား အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်မှတ်ထားသော နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် စာကြည့်တိုက်ဖွင့်ပွဲ တက်ရောက် အားပေးချီးမြှင့်
Dec 09,2021
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအေးလှိုင်သည် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီက စစ်ကိုင်းပညာရေး တက္ကသိုလ်စာကြည်တိုက်ဖွင့်ပွဲ တက်ရောက် အားပေးချီးမြင့်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ဆက်လက်ထိုးနှံ
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် အသက်(၁၈)အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ငြိမ်းချမ်းရေးကျောင်း၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
မြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ
Dec 09,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ယမန်နေ့နံနက် ၉ နာရီအချိန် က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ထုတ်လုပ်နည်းပညာသင်တန်းဆင်းပွဲကို ကျင်းပခဲ့သည်။
ပင်လောင်းမြို့နယ်တွင် ပဥ္စမအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ဆေး ထိုးနှံပေး
Dec 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အသက် ၁၈ နှစ်မှ အသက် ၆၅ နှစ်ကြား ပြည်သူများအား ဦးစားပေးအုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံခဲ့ဖူးခြင်းမရှိသည့် ပြည်သူများအား ပဥ္စမအသုတ် (ပထမအကြိမ်ဆေး) ကာကွယ်ဆေးထိုးနှံပေးခြင်းကို သတ်မှတ်စုရပ်များနှင့်နေ့ရက်များအလိုက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။