ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇ​​ပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ဆောင်ရွက်

ငရုတ်ကောင်း ဇန်နဝါရီ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါကူးစက်ခြင်းမဖြစ်ပေါ်စေရေးကြိုတင်ကာကွယ်ရန်အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာယမန်နေ့ညနေပိုင်းကလူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများနှင့်ရပ်ကွက်များအတွင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇ​ပြောင်း အိုမီခရွန်ကူးစက်မြန် ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနကသတ်မှတ်ထားသော လမ်းညွှန်ချက်များအား လိုက်နာရန်၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်များတွင် နေထိုင်ရန်၊ နေအိမ်ပြင်ပသို့ ထွက်ပါက ပါးစပ်နှာခေါင်းစည်း(Mask)ကိုစနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးအနည်းဆုံး(၆)ပေကွာ၍ နေထိုင်ရန်၊ လက်ကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောပါ၊ ကာကွယ်ဆေးများ ထိုးနှံရန် ကျန်ရှိမှုများ မဖြစ်ပေါ်စေရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိရာ အများပြည်သူများအနေဖြင့်မပျက်မကွက် အကြိမ်ရေပြည့်အောင် ထိုးနှံကြပါရန် စသည်တို့ကို အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။