ဒေါပုံမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ 

ရန်ကုန် ဇန်နဝါရီ ၂၁

မြို့နယ်အတွင်းရှိ ပြည်သူများအား စာဖတ်ရှိန်မြှင့်တင်ရန်နှင့် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်၊ လူငယ်များအနေဖြင့် ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community  Centre) ခန်းမတွင် စာရေးဆရာ အောင်သင်းရေးသားထားသော "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက  စာဖတ်ဝိုင်းကျင်းပ  ဆောင်ရွက်ခဲ့ သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ် ဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်မှ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး စာပေချစ်မြတ်နိုးသူ ဒေါ်မေမြတ်စန္ဒာမှ ထိုစာအုပ်ထဲတွင် ပါရှိသော "ဖတ်ဖို့ကျင့်ဖို့" ခေါင်းစဉ်ပါ အကြောင်းအရာများအား ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာကြသည့် စာပေချစ်သူများမှ လည်း အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ထိုစာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေချစ်သူ များအား ယခုလတွင် အသစ်ရောက်ရှိလာသည့် စာအုပ်စာစောင်များအား ခင်းကျင်းပြသခဲ့ ကြောင်း သိရသည်။

ယဉ်မော်(ပြန်ဆက်)