ကြံခင်းမြို့နယ် မြို့မဈေးတွင် မီးဘေးလုံခြုံရေး စစ်ဆေး

ကြံခင်း ဇန်နဝါရီ ၂၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်ဆုံးရှုံးမှု လျှော့နည်းစေရန် ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့  မြို့မဈေးတွင် မီးဘေးလုံခြုံရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ရုံးမှတာဝန်ရှိသူများနှင့်အတူ မြိုနယ်မီးသတ်ဦးစီးဌာနဦးစီးအရာရှိဦးကိုကိုနိုင်နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့မဈေးတွင်ဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ရုတ်တရက်မီးလောင်မှုနှင့်ကြုံတွေ့ပါက(DCP)မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်နိုင်ရန်အသုံးပြုပုံများနှင့်ဝါယာကြိုးများမှတစ်ဆင့်မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်အချက်များကိုဈေးရောင်းသူပြည်သူများအားရှင်းလင်းခြင်း၊လက်တွေ့သရုပ်ပြခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မိုးမိုး