ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား အသိပညာဗဟုသုတများ အထွေထွေ ဗဟုသုတများတိုးပွားလာစေရေးနှင့် သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီးကွင်းဆောင်ရွက်ခြင်းများနှင့် iprd Facebook page အွန်လိုင်းမှတဆင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်း ၂ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါနှင့်ပတ်သက်၍ သိကောင်းစရာများ အသိပညာပေးTalk Show ဆွေးနွေးပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
၎င်းTalk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်နှင်းကြည်က ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကမ္ဘာ့နိုင်ငံများတွက် လက်ရှိဖြစ်ပွားကူးစက်မှုများဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါဖြစ်ပွားနေမှုအခြေအနေများနှင့် မြန်မာ နိုင်ငံတွင်လည်း လက်ရှိဖြစ်ပွားနေမှုအခြေ အနေများအား ဆွေးနွေးပြောကြားပြီး စာထောက်-၃ ဒေါ်မြင့်သိင်္ဂီထွန်းက ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သွားလာနေထိုင်မှုနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာထားသည့် လိုက်နာရမည့် ကျန်းမာရေး အသိပညာပေး အချက်အလက်များအား ဆွေးနွေးပြောကြားကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲ အကြောင်းအရာများအား မိဘပြည်သူများအနေဖြင့် လေ့လာကြည့်ရှု မှတ်သားနိုင်စေရေးအတွက် iprd kyarinn seikkyi facebook page စာမျက်နှာ၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မျိုးမင်းဦး