ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ကလော ဇန်နဝါရီ  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာခွဲအချိန်ခန့်က စာရေးဆရာ ချစ်စံဝင်းရေးသားသော " မဆုတ်တမ်း-မနစ်တမ်း-မေလျာ့တမ်း" စာအုပ်ဖြင့် စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းမော်က စာပေလေ့လာဖတ်ရှုခြင်းဖြင့် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာ ဗဟုသုတ ရရှိလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စာပေဝါသနာရှင် ဒေါ်စိုးမိုးနန္ဒာ က "သင့်ရှေ့တွင် အောင်ပွဲရှိသည်" နှင့် Youth Club အဖွဲ့ဝင် မောင်ဇွဲပြည့်စုံထွန်းက "ယုံကြည်ချက် မျှော်လင့်ချက် တောင်းတချက်" စသည့် စာအုပ်ပါ အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး မြို့နယ်ဦးစီးမှူးနှင့် စာပေဝါသနာရှင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)