မိုင်းရယ် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှု များကို ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ဖဖာကျေးရွာအတွင်း ဆော်ဩမှုပြုလုပ်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်အကြောင်း အသိပညာပေး ဆော်ဩမှုများကို မိုင်းရယ် မြို့နယ်၊ မြို့ပေါ်ရပ်ကွက်များအတွင်းတွင် လည်းကောင်း၊ ကျေးရွာများ သို့လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန်နှင့် မလိုအပ်ပဲ အပြင်မထွက်ရန်၊ စနစ်တကျ လက်ဆေးရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းများ တပ်ဆင်ရန် မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကိုဗစ်-၁၉ အသိပညာပေး ဆော်ဩမှုများကို စဉ်ဆက်မပြတ် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ကျော်ဇင်ထိုက်