ကြံခင်း ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်(၇)နာရီခွဲအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက် နာရီစင်ထိပ်နှင့် မဟာဘောဂလမ်းတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နေ ပြည်သူများ ကျန်းမာကြံခိုင်ဖွံဖြိုးစေရန် ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းမွန်စေပြီး ရောဂါကင်းဝေးစေရန် ရည်ရွယ်ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ Fitrness Dance ကိုယ်လက်လှုပ်ရှားအားကစားကို "Go away cornoa" သီချင်းဖြင့် သရုပ်ပြအသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များမှ ကူးစက်မှုအန္တရာယ်မှ ကာကွယ်ထိန်းချုပ်နိုင်ရန် နေအိမ်ပြင်ပထွက်ပါက မဖြစ်မနေနှာခေါင်းစည်းMaskတပ်ဆင်သွားလာနိုင်ရန်Mask Campaignပြုလုပ်ပြီးနှာခေါင်းစည်းMaskဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါMask Campaignပြုလုပ်ခြင်းကိုကြံခင်းမြို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲဝင်များပူးပေါင်းပြီးပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ရန်Maskအခု(၁၀၀၀)အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။
မိုးမိုး