ညောင်ဦးမြို့နယ်တွင်(Omicron)အပါအဝင်ကိုဗစ်-၁၉ဗီဇပြောင်းရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်

ညောင်ဦး  ဇန်နဝါရီ   ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင်(Omicron)အပါအဝင်ကိုဗစ်-၁၉ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ် ၍အသိပညာပေးနှိုးဆော် ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ညောင်ဦးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော (Omicron)အပါအဝင်ကိုဗစ်-၁၉ဗီဇပြောင်းရောကူးစက်ပြန်ပွားမှု  ရောဂါကာကွယ်နိုင်ရန် အတွက် အတတ်နိုင်ဆုံးအိမ်တွင်သာ နေထိုင်ကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ အခြား သူများထံသို့သွားရောက် လည်ပတ်ခြင်းမပြုရန်၊ နေအိမ်အပြင်ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်း စည်းစနစ်တကျ တပ်ဆင်သွားရန်၊ နှာခေါင်းစည်းတပ်ဆင်ထားခြင်း မရှိသူများနှင့်စကားပြောဆို ခြင်း၊ နှာခေါင်းစည်းမတပ်ပဲဈေးရောင်းသူများထံမှ ဈေးမဝယ်ယူရန်၊ တစ်ဦးနှင်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့် ၂၀ကြာ၊ မကြာခဏဆေးကြောရန်၊လူစုလူ ဝေးရှောင်ရှားရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးချိုနှင့်နှလုံးရောဂါ အခံရှိသူများရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြု နေထိုင်ကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက် မကွက် ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိ ပညာပေး လမ်းညွှန်ချက်များ ကို ပြည်သူအားလုံးကကိုယ်စီလိုက်နာကြရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD