ပုလော မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်ငွေများ ထုတ်ပေးလျက်ရှိ

ပုလော  ဇန်နဝါရီလ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ လအတွက် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်  ၈ နာရီခွဲတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက် ထုတ်ပေး လျက်ရှိကြောင်း သိရပါသည်။      

ပုလောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင် ပင်စင်လစာထုတ်ယူရန် အငြိမ်းစား ဝန်ထမ်းပေါင်း(၇၃၄) ဦး ရှိပြီး၊ ဘဏ်ဖွင့်ရက် များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ပင်စင်လစာ ငွေ လာရောက်ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေ ရေး  အငြိမ်းစားဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်လာခြင်း၊ တစ်ဦးနှင့် တစ်ဦး()ပေကွာ၍ ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကို ဦးစားပေးခြင်းဖြင့် ပူးပေါင်း ဆောင်ရွက် ပေးကြပါရန် ဘဏ်မန်နေဂျာ ဒေါ်လဲ့လဲ့နိုင်က ကြိုတင်မေတ္တာရပ်ခံပန်ကြားထားကြောင်း သိရသည်။

အေးအေးမော် (ပုလော)