တောင်ကြီး ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် လူငယ်အသင်း (Youth Club) တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတ ဖလှယ်နိုင်ကြစေရန်နှင့် တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရန်အတွက် ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့်က စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ပါ စိတ်ကူးနဲ့လက်တွေ့၊ ရသ၏အသုံးချတန်ဖိုး အကြောင်းအရာများကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးစိုးက ရေဆန်ကို လှော်ရမှာပဲ၊ လောကဇာတ်ခုံပေါ်မှာ၊ စိတ်တန်ခိုး နှိုးလော့၊ ရသ၏ အသုံးချတန်ဖိုး အကြောင်း အရာများဖြင့်လည်းကောင်း၊ အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်နိုင်လင်းက တိုင်းတာမပြနိုင်သော်လည်း မြင်သာ သိသာ သောစေတနာ၊ ရင်လှိုင်းခတ်သံ၊ မုဒိတာပန်း အကြောင်းအရာများဖြင့် လည်းကောင်း၊ စာပေချစ်မြတ်နိုးသူ များအသင်း (Book Club) အဖွဲ့ဝင် ဒေါ်နန်းဝင့်ရွှေစင်အောင်က စာဖတ်ကျင့်၊ စာဖတ်ပါ၊ စာပေနှင့် မွေ့လျော်အကြောင်းအရာများဖြင့် လည်းကောင်း၊ လူငယ်အသင်း (Youth Club) အဖွဲ့ဝင် မောင်စိုင်းအောင်မျိုးသန့်က ခေတ်မီရမှာက ပညာဗဟုသုတ၊ တိုးတက်ချင်လျှင်ပြုပြင်၊ သူတကာပျော်ပါ စေ၊ ကလဲ့စား စသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလို သည်များကို မေးမြန်းဆွေးနွေးမှုအပေါ် ဖတ်ကြားသူများကလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တောင်ကြီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ မိမိတို့ဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club )၊ လူငယ်အသင်း (Youth Club) တို့ ပူးပေါင်း၍ စာဖတ်သည့် အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟုသုတ ရရှိစေရန်စာဖတ်သူ အချင်းချင်းရင်းနှီးမှု ရရှိစေရန်၊ စာပေချစ်သူများ အပြန်အလှန် ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လောကဇာတ်ခုံပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)