မအူပင် ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ပြည်သုများ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ အကြောင်းသိရှိစေရန် ရည်ရွယ်၍ အိုမီခရွန်ရောဂါ အကြောင်းအသိပညာပေးTalk Show ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က အသိပညာပေးTalk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အသင်း ဒုတိယဥက္ကဌ ဦးစိုးက မြန်မာနိုင်ငံသို့ အိုမီခရွန်ရောဂါ စတင်ရောက်ရှိလာပုံ၊ ကူးစက်ပျံ့နှံ့မှုအခြေအနေ၊ အိုမီခရွန် ရောဂါ လက္ခဏာ များ၊ အိုမီခရွန်၏ထူးခြားချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်း များနှင့်အညီ အသိပညာပေးTalk Show များ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ နံရံကပ်စာစောင်ပြပွဲ၊စာအုပ်ပြပွဲ၊အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။