မြို့နယ်သံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ပွဲကျင်းပရေး အကြိုညှိနှိုင်းစည်းဝေး

ညောင်ရွှေ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် သံဃနာယကအဖွဲ့ ၂၅ ရာခိုင်နှုန်း အနားယူ အစားထိုး ရွေးချယ်ပွဲ ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ညောင်ရွှေမြို့ သာသနဝိပုလ ရွှေဂူပရိယတ္တိစာသင်တိုက်၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သာသနဝိပုလရွှေဂူပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တတိလောကဉာဏက အစည်းအဝေး ကျင်းပရေးကိစ္စနှင့် ပတ်သက်သည့် ဩဝါ ဒကထာမြွက်ကြားတော်မူသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမျိုးဆွေနှင့် မြို့နယ်သာသနာရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထက်ဇော်ထွေးတို့က အစားထိုး ရွေးချယ်ပွဲကျင်းပရေး၊ ဆွမ်းဆက်ကပ်ရေးနှင့် အထွေထွေကိစ္စများ ရှင်းလင်းလျှောက်ထား ဆွေးနွေး ခဲ့ကြောင်း သိရသည်။

နေမျိုးသူရိန်