လှိုင်းဘွဲ ဇန်နဝါရီ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကမ်းနီကျေးရွာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူငယ်၊ လူရွယ်များ အခြေခံရှေးဦး ပြုစုခြင်းနှင့်ပတ်သက်၍ သိရှိနိုင်စေရန်နှင့် လူနာများအား ရှေးဦးပြုစုရာတွင် စနစ် တကျ ဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ကမ်းနီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းဇော်၊ ဒုတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြူနှင့် သင်တန်းနည်းပြများက ကမ်းနီကျေးရွာရှိ လူငယ်လူငယ် (၃၅) ဦးအား လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်တတ်စေရန်အတွက် ကြက်ခြေနီအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေးဦးပြုစုခြင်း သဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာပြုစုခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်း၊ သွေးဆုတ်၊ သွေးလန့်ခြင်း၊ မူးမေ့သတိလေ့ခြင်း၊ အဆိပ်သင့်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကိုယ်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အခြေခံသက်ကယ် အထောက်အကူပြုနည်း စသည်တို့ကို ဇန်နဝါရီလ (၂၁) ရက်နေ့မှ ဇန်နဝါရီလ (၂၃) ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
စောဒိ (ပြန်/ဆက်)