သတင်းများ

ချောက်မြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုနေမှုအား ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးမှ လှည့်လည်ကြည့်ရှု
Dec 08,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ အခြေခံမဲဆန္ဒရှင် လူဦးရေစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းနှင့် အခြေခံမဲစာရင်း ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ကြည့်ရှု စစ်ဆေးခဲ့သည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၅၅)နှစ်အထက်နှင့် အသက် (၄၀)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Dec 08,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်အထက်နှင့် အသက်(၄၀) ရဟန်းရှင်လူပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း စုရပ်သုံးနေရာများ သတ်မှတ်ပြီး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၁၀၄၅ ဦးရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ ၃၅၄၀၇ ဦးရှိကြောင်း သိရသည်။
ချောက်မြို့နယ် လူမှုဖူလုံရေးရုံး ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်းထုတ်ပေး
Dec 08,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ချောက်လမ်းရွာ၊ ရေနံမြေမှ အာမခံအလုပ်သမား ဦးအောင်စိုးဦးသည် ပင်မစက်မှုအလုပ်ရုံအတွင်း လုံခြုံရေးမီးအတွက် အသုံးပြုထားသော (230V) Electrical Service Wire ပြတ်တောက်နေသဖြင့် သွားရောက် တပ်ဆင်နေစဉ် လျှပ်စစ်ဓါတ်လိုက် သေဆုံးသွားခြင်းအားအလုပ်တွင်ထိ ခိုက်‎သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းကို မြန်မာ့ရေနံ အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၄နာရီကပေးအပ်ပွဲပြုလုပ်သည်။
မင်းဘူး၌ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက်(၁၈)အထက် ပြည်သူများနှင့် ပထမအကြိမ်ဆေးထိုးနှံပြီးသူများ ဒုတိယအကြိမ် လာရောက် ထိုးနှံကြရန်နှိုးဆော်
Dec 08,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါများ လျော့ကျစေရန်နှင့် နောက်ထပ် ကူးစက်ဖြစ်ပွား လာသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ် ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူး(စကု) မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လှည့်လည် နှိုးဆော်ခဲ့ကြသည်။
ငရုတ်ကောင်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (omicron) ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်
Dec 08,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့ပေါ်ရပ်ကွက်တို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ပူးပေါင်း၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ စေတနာလုပ်အားရှင်များနေ့ အခမ်းအနားကျင်းပ
Dec 08,2021
၂၀၂၁ခု နှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ စေတနာ လုပ်အားရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် သူနာပြုတပ်ဖွဲ့ရုံးတွင် ကျင်းပခဲ့ပါသည်။
ပုံပါကျင်မြို့၊ အမှတ်(၅)ရပ်ကွက်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်
Dec 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းက ပုံပါကျင်မြို့၊ အမှတ် (၅) ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။