မင်းဘူး ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ပြီး Covid Shield မှ Sinopharm Phase-6 ပထမအကြိမ် ထိုးနှံခြင်းများအထိ ထိုးနှံဆောင်ရွက် ပေးလျက်ရှိရာ ၆၅ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်ကော်မတီထံမှ သိရသည်။
ထိုကဲ့သို့ ထိုးနှံပေးလျက်ရှိရာတွင် သံဃာတော်များ၊ သီလရှင်များ၊ အကျင်းသား၊ အကျင်းသူများ၊ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ ဈေးသူ၊ ဈေးသားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် ၁၂ နှစ်အထက်မှ ၇၀ ကျော်သည်အထိ လူမျိုး/ဘာသာမရွေး ထိုးနှံပေးခဲ့ကြ သည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်လျက်ရှိရာတွင် Covid Shield ကာကွယ်ဆေးမှ ထိုးနှံလာခဲ့ရာ Sinopharm Phase-6 ပထမအကြိမ် ထိုးနှံခြင်းများကို ဇန်နဝါရီ ၁၄ ရက်နေ့မှစတင်ကာ ထိုးနှံပေးခဲ့ပြီး ယနေ့အထိ ထိုးနှံပြီးသူပေါင်း ၈၂၁၅၃ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၆၅ ရာခိုင်နှုန်းခန့် ထိုးနှံဆောင်ရွက် နိုင်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို မင်းဘူး(စကု)မြို့နယ် ကိုဗစ်ကော်မတီဥက္ကဌ ဦးတင်မြင့်နှင် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်စပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)