စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါ ကာကွယ်ရေးနည်းလမ်းများအား လိုက်လံအသိပေးနှိုးဆော်

စဉ့်ကိုင် ဇန်နဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ ကူးစက်ရောဂါ နှင့် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ  Omicron (အိုမီခရွန်)ရောဂါ  ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်   ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ မြို့မရပ်ကွက်တွင် ယနေ့နံနက်(၁၀)နာရီက  မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Hand Spaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။

အသိပညာပေး   နှိုးဆော်ရာတွင်    ပြည်သူလူထု အနေဖြင့်  ကိုဗစ်-၁၉    ရောဂါ     ကူးစက်ပြန့်နှံမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာ    ရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉   ရောဂါ ကာကွယ်ရေး နည်းလမ်းများအား တိကျစွာ လိုက်နာကြရန်နှင့် နေအိမ်ပြင်ပ ထွက်ခွာလျှင် ပါးစပ် နှင့်နှားခေါင်းစည်းMask ကိုစနစ်တကျ တပ်ဆင်ကြရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် Mask မတပ်သူနှင့်အတူ တွေ့ဆုံခြင်း၊ စကားပြောဆိုခြင်း၊ ဈေးဝယ်ခြင်းများမှ  ရှောင်ကြဉ်ရန် အရာ ဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စနစ်တကျဆေးကြောရန်၊ လူစုလူဝေး ရှောင်ရှားကြရန် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းကို အထူးဂရုပြု    ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါဆိုင်ရာ သတင်း အချက်လက်များကို မိဘ ပြည်သူများ  ကျယ်ကျယ်ပြန့်ပြန့်   သိရှိလိုက်နာစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဝန်ထမ်းများက အရှိန်အဟုန်မြင့် အသိပေး လှည့်လည်နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညိုညိုဝင်း