ကျိုက်လတ် ဇန်နဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၊ Community Centreခန်းမ ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပူးပေါင်း၍ လူငယ်များ၏ရွှေရောင် မနက်ဖြန် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူးဒေါ်ဌေးဌေးလှိုင်က ပြည်သူများ ၊စာဖတ်ပရိသတ်များ၊ လူငယ်များ စာပေကို ချစ်မြတ်နိုး တက်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ၊ စာပေအသိများမျှဝေ ပေးနိုင်ရန် စာဖတ်ဝိုင်းများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား၍၊ စာရေးဆရာ နတ်သျှင် (ရွှေဂူ) ရေးသားသည့် လူငယ် များ၏ရွှေရောင်မနက်ဖြန် စာအုပ်မှ လူငယ်များ၏ ရွှေရောင်မနက်ဖြန် ဆောင်းပါး ဖြင့်ဆွေးနွေးခဲ့ပြီး၊ ဥယျာဉ်မှူး နှင့် ပန်းပင်ငယ် ဆောင်းပါး ၊ ဘယ်သူအရင် စပြင်ကြမလဲ ဆောင်းပါးများကို Book Club အဖွဲ့ဝင် ဒေါ်အေးလေး နှင့် တက်ရောက် လာသည့် စာပေချစ်မြတ်နိုးသူများ၊ စာဖတ်ပရိသတ်များ က ဖတ်ကြား၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ဌေးဌေးလှိုင်