ကျွန်းစုမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျွန်းစု ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မဲတော​ကျေးရွာအုပ်စု​အတွင်းရှိ ‌‌စစ်ဘုကျေးရွာ၌ “ပန်းခင်းစီမံချက်”ဖြင့် ယမန်နေ့က အိမ်ထောင် စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို မြို့နယ်လဝကရုံးက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိသည်။ မှတ်ပုံတင် မရှိသောသူများ၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်သည်။ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မရှိသောသူများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိသည်။ လက်ရှိဒေသတွင် မှတ်ပုံတင်မရှိသောသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု စာရင်းလည်းမရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မရှိသောသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင်၃(က) (၁၆၄)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင် ၆(က) (၇၉)ဦး၊ လဲလှယ်(၇)ဦး၊ မိတ္တူ(၄၀)ဦး၊ စုစုပေါင်း (၂၉၀)ဦးနှင့် ရွှေ့ပြောင်း အိမ်ထောင်စု(၅၂)စု တို့အား “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)