ဖျာပုံဇန်နဝါရီ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက် /ကျေးရွာများ အရောက် နိုင်ငံသားစိစစ်ရေး ကတ်ပြား များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင်အမှတ်(၃)ရပ်ကွက်အတွင်းရှိပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူးဦးဇော်လွင်ကရှင်းလင်းပြောကြားပြီးဖျာပုံမြို့နယ်အမှတ်(၃)ရပ်ကွက်ရှိအသက်(၁၀)နှစ်ပြည့်ပြီးနိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ အသက်(၁၈)နှစ် ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ ၊မှတ်ပုံတင်အသစ်လဲလှယ်ခြင်းများကို ပြုလုပ်ဆောင်ရွက် ပေးရာ လူဦးရေ(၆၂)ဦးနှင့်ဖျာပုံမြို့နယ်ကဇောင်းကျေးရွာအုပ်စုတွင်လည်း၊နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ(၂၀၂)ဦးအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ ကြောင်း၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှသိရှိရသည်။
အောင်ဝင်းနိုင်