ငါန်းဇွန် ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ဂျိုကျေးရွာအုပ်စု ဂျိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပသည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှားအားကစား အလေ့အကျင့်ကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူဖြစ်စေကြောင်း ရှင်းလင်းဆွေးနွေးဟောပြောပြီး ကိုယ်ခံအားမြှင့်တင်ရေး လှုပ်ရှားမှုအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှားအားကစားအဖြစ် Fitness Dance အားကစားသရုပ်ပြ ဆောင်ရွက်ပေးသည်။ ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းတွင်းအားကစားများ ဆောင်ရွက်နိုင်ရေးအတွက် အားကစားပ စ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းထိန်က လက်ခံရယူ သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူဥပဒေအကြောင်း၊ စားသုံးသူများ ကုန်ပစ္စည်းဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုအား တိုင်ကြားနိုင်သည့် လိပ်စာအမှတ်အသားတို့ကို ကြည့်ရှုဝယ်ယူကြရန် ဆွေးနွေးပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန် မြို့နယ်ရုံးမှ ဦးကိုကိုနိုင် (ရုပ်သံကျွမ်းကျင်-၃) က သတင်းအမှား/အမှန် ခွဲခြားသိမြင်စေရေးအတွက် ကျောင်းသား၊ ကျောင်းသူများ အား အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)