ပြင်ဦးလွင် ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့၊ အမှတ် ( ၃ ) အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ရှင်သာမဏေများနှင့် သီလရှင်များအား ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်းရှိ၊ ကျောင်းခန်းမ၌ တာဝန်ရှိသူများမှ ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းခဲ့သည်။
ပြင်ဦးလွင်မြို့ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့်မှ အထက်တန်းအဆင့်အထိ တက်ရောက်ပညာ သင်ကြားနေသော ရှင်သာမဏေ ( ၂၅ ) ပါးနှင့် သီလရှင် ( ၄၄ )ပါး၊ စုစုပေါင်း (၆၉) ပါးတို့အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို ကိုယ်စားပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းသုံးစာရေးကိရိယာများ ဝယ်ယူရန်အတွက် တစ်ပါးလျှင် ငွေကျပ်( ၃၀၀၀၀ ) ကျပ်ဖြင့် အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)