ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ "(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့(အကြို) အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားကာ အမှတ်(၁)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းမြင့်က ပြည်ထောင်စု စိတ်ဓာတ်၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သူများ အကြောင်းကို အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအတွက် အသိပညာပေး လုပ်ငန်းများကို Online မှတစ်ဆင့် လစဉ်အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)