(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

စမ်း​ချောင်း ဇန်နဝါရီ ၂

ရန်ကုန်အနောက်ပိုင်းခရိုင် စမ်းချောင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အမှတ် (၁၃)အ​​ ခြေခံပညာ ကျောင်းခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၁၂)ဦး ယှဉ်ပြိုင်ခဲ့ရာ (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပထမဆု (မဆုကဗျာ) ဒုတိယဆု​ (မောင်​ကျာ်ဇင်ထက်) တတိယဆု (မနှင်းအိ​သော်) မှ ဆုအသီးသီးရရှိခဲ့သည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိသူများအား စာထောက်-၃ ဒေါ်ချစ်သဲ နှင့် ပညာရေးဌာနမှ ဆရာမများက ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် (ပြန်/ဆက်)