(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျောင်းသား၊ ကျောင်းသူများအား အားကစားပြိုင်ပွဲ၊ သစ်သီးနှင့် တိရစာ္ဆန် ယှဉ်တွဲကစားနည်းများ ကျင်းပ
Jan 21,2022
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများ ကာယစွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ မှတ်မှု အသိဉာဏ် ပိုမို ထက်မြက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်နှင့် ပြည်ထောင်စုစိတ်ဓါတ် ရှင်သန်နိုးကြားလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားပြိုင်ပွဲ၊ သစ်သီးနှင့် တိရစာ္ဆန် ယှဉ်တွဲကစားနည်းများကို ယနေ့ နံနက် (၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့ကရိတ် ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။