ထား၀ယ် ဇန်နဝါရီ ၂၁
ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် “(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်” အကြို အသိပညာဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးနိုင်ဝင်းက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အထက်တန်းပြ ဆရာမ ဒေါ်ဌေးဝင်းက တစ်ပြည်ထောင်လုံးက တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကိုပြသ နိုင်ခဲ့သောနေ့ကို ပြည်ထောင်စုနေ့ဟုခေါ်ဝေါ်သမုတ်ခဲ့ကြကြောင်း၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ဗြိတိသျှတို့လက်အောက်မှ မြန်မာနိုင်ငံအပြည့်အဝလွတ်လပ်ရေးရရန် တောင်တန်းဒေသ ခေါင်းဆောင်များနှင့် ပြည်မခေါင်းဆောင်များအကြား ပူးပေါင်းသည့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော မြန်မာ့သမိုင်းတွင်အရေးပါသည့်နေ့ထူး တစ်ရပ်ဖြစ်သည့် ပြည်ထောင်စုနေ့ဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ရှင်းလင်းဆွေးနွေး ပြောကြား သည်။
ထို့နောက် ဦးစီးအရာရှိ ဦးနိုင်ဝင်းက ဆွေးနွေးပြောကြားပေးပါသော ဆရာမအား ကျေးဇူးတင်ရှိပါကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲ Talk Show များကို ဆက်တိုက်ပြုလုပ်ပေး သွားရန်ရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ကေကေအယ်လ်