ကံမမြို့နယ်၌ ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်သင်ကြားပေး

ကံမ ဇန်နဝါရီ  ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းကို ယမန်နေ့ နေ့လယ် နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre တွင် လက်တွေ့ သင်တန်းပေးကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် သင်တန်းနည်းပြဆရာမမှ ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်ရမည့် ပစ္စည်းများနှင့် ပြုလုပ်နည်း အဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး လက်တွေ့ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်သင်တန်း နည်းပြဆရာမက ဆက်လက်၍ တက်ရောလာကြသည့် သင်တန်းသူ သင်တန်းသားများအား ဆပ်ပြာဆီပြုလုပ်နည်း တတ်မြောက်ထားပါက မိမိကိုယ်တိုင် ပြုလုပ်၍ အဝတ်အထည်များနှင့် အိုးခွက်ပန်းကန်များ လျှော်ဖွတ်ဆေးကြောနိုင်မည့်အပြင် ပြန်လည်ရောင်းချနိုင်မည့် အဆင့်အထိ ဆောင်ရွက်နိုင်မှာ ဖြစ်သည့်အတွက် တစ်ပိုင်တစ်နိုင် အိမ်တွင်းမိသားစုဝင်ငွေ တိုးပွားမည်ဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာ သင်ယူကြရန် ပြောကြား ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)