သတင်းများ

ကျောက်တံတားမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲကျင်းပ
Dec 07,2021
ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ‌ရေးဖောင်‌ဒေးရှင်းတို့ ပူးပေါင်း၍ ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နံနက်(၁ဝ)နာရီအချိန်တွင် မြို့နယ်ပြည်သူ့စာကြည့် တိုက်ရှိ Community Centre ခန်းမတွင် ကာတွန်းပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန် အသိပေးနှိုးဆော်ချက်များ ဆက်လက်ဆောင်ရွက်
Dec 07,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း လိုက်လံ၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 07,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးများကို ဦးစားပေးဦးတည် အုပ်စုများ အလိုက်ပြည်သူများအားဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများ ပြည်သူများအားကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်‌၌ ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်ရန် ဒေသခံပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်​​ဝေအသိပညာ​ပေး​ ဆောင်ရွက်
Dec 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ လတ်တလောတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာများ တွေ့ရှိမှု မရှိသော်လည်း ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ခရီးသွား ဒေသခံပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Dec 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီက ခင်စောတင့် ရေးသားသည့် ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင် စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပြုလုပ်ခဲ့ကြောင်း သိရ သည်။
လားရှိုးမြို့တွင် ရေနှင့်လူနေမှုဆိုင်ရာ ဆန်းစစ်လေ့လာခြင်းသင်တန်းပို့ချ
Dec 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ New Palace Hotel ခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က ရေနှင့်လူနေမှုဆိုင်ရာ ဆန်းစစ်လေ့လာခြင်း သင်တန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) ၏ ထောက်ပံ့ကူညီမှုဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဒေါ့ဖုန်းယန်မြို့၌ အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Dec 07,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌ အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ရှိသူများအား (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Dec 07,2021
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ရှိသူများအား ယနေ့နံနက်ပိုင်းက မြို့ချောင်းဓမ္မာရုံတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။