သတင်းများ

မိုးမိတ်မြို့နယ် မြို့မဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး သရုပ်ပြခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ကိရိယာများ ပြသ
Jan 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၊ မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် သရုပ်ပြဆောင်ရွက်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ကိရိယာများ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာ ဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Jan 21,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကင်းဝေးစေရေး၊ မီးဘေးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးနှင့် အချိန်မီ မီးငြှိမ်း သတ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များတို့က ယနေ့နံနက် ၉နာရီက ဌာနဆိုင်ရာ အဆောက်အဦရုံးများနှင့် ဝန်ထမ်းအိမ်ယာများသို့ လှည့်လည်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်ဝိုင်းပြုလုပ်
Jan 21,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး၏ လူတောတိုးဖို့ လူရာဝင်ဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ် ၂ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်
Jan 21,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခမောက်ကြီးမြို့တွင် အိုမိခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းများအား အများပြည်သူသိရှိနိုင်ရေး အသိပညာပေးလျက်ရှိ
Jan 21,2022
တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဌာနမှ ဝန်ထမ်းများမှ ခမောက်ကြီးမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရပ်ကွက်လမ်းကြားများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား အများပြည်သူသိရှိလိုက်နာနိုင်ရန် အသံချဲ့ စက်ဖြင့် ယနေ့နေ့လယ်ပိုင်းက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် မျက်ရဲကန်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
Jan 21,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ် (၆)လဘတ်ဂျက်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းအား ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က မျက်ရဲကန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင်ဖွင့်လှစ်ခဲ့သည်။
နမ္မတူတွင် အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၆၆ဦးအား ပထမအကြိမ် COVID Shield အမျိူးအစား ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေး
Jan 21,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၁၈)နှစ်နှင့် အထက် တိုင်းရင်းသားပြည်သူ ၆၆ ဦးအား ပထမအကြိမ် COVID Shield အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမားရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။
ဂွမြို့ မြို့မစည်ပင်သာယာဈေး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Jan 21,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ မီးဘေးအန္တရာယ်မှ ကင်းဝေး‌စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစည်ပင်သာယာဈေး မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်၉ နာရီက ပြုလုပ်ခဲ့သည်။