သတင်းများ

ကော့မှူးတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ
Jan 21,2022
ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာပြီး လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင် ရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက လူကုန်ကူးမှု တိုက်ဖျက်ရေးအသိ ပညာပေး နံရံကပ်စာစောင် ပြသခြင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်ဆု ရရှိသူအားကစားသမားများ ဂုဏ်ပြုဆုချီးမြှင့်ပေး
Jan 21,2022
မွန်ပြည်နယ်မှ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင်  နိုင်ငံ့ဂုဏ်ဆောင်ဆု ရရှိခဲ့သည့် အားကစားသမားများအားပြည်နယ်အစိုးရအဖွဲ့မှဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကိုယနေ့နံနက်၁၀နာရီကမော်လမြိုင်မြို့ဖက်တန်းရပ်၊ပြည်နယ်ခန်းမတွင်ကျင်းပခဲ့ရာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  နိုင်ငံ့ဂုဏ်ဆောင်  ထူးချွန် အားကစားသမားများ တက်ရောက်ကြသည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စစ်တုရင်ပြိုင်ပွဲနှင့် ပူ‌ပေါင်းဖောက်ပြိုင်ပွဲကျင်းပ
Jan 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth club) အသင်းတို့ ပူးပေါင်း၍ စစ်တုရင်ပြိုင်ပွဲနှင့် ပူ‌ပေါင်း ဖောက်ပြိုင်ပွဲ လှုပ်ရှားမှုများကို ယမန်နေ့ ည‌နေ (၃) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့တွင် ပင်စင်စား မိဘပြည်သူများအား ပင်စင်လစာငွေများထုတ်ပေး
Jan 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ ပင်စင်စား မိဘပြည်သူများအား ပင်စင်လစာငွေများကို ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်နှင့်အညီ ပင်စင်လစာငွေများ စနစ်တကျ ထုတ်ပေးလျက်ရှိရာ ပင်စင်စား မိဘပြည်သူများက သတ်မှတ် ထားသည့် ကာကွယ်ရေးစည်းကမ်းချက်များအတိုင်း စိတ်အေးချမ်းစွာ လာရောက် ထုတ်ယူလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည် ပြိုင်ပွဲများကျင်းပ
Jan 21,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဆေးရောင်ခြယ် ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
သီပေါမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jan 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာများ ထုတ်ပေးလျက်ရှိ
Jan 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာများကို ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
မိုင်းလုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကျင်းပ
Jan 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ် တပ်ဖွဲ့တို့ ပူးပေါင်းစီစဉ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း (၁၁း၀၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centr)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။