သတင်းများ

ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ
Jan 22,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ယမန်နေ့နံနက်၈နာရီမှစတင်၍ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ လူစုလူဝေးမဖြစ်စေရေး အုပ်စုများခွဲ၍ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နောင်တရားမြို့၌ ခေတ္တခိုလုံရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများ၏ ကလေးငယ်များကို အခြေခံဘာသာရပ်များ စာပေ သင်ကြားပေးလျက်ရှိ
Jan 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ ကယားပြည်နယ်မှ ခေတ္တခိုလုံရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများ၏ ကလေးငယ်များကို အခြေခံဘာသာရပ်များ ဖြစ်သည့် မြန်မာစာ၊ သင်္ချာနှင့် အင်္ဂလိပ်စာ စသည့် ဘာသာရပ်များကို သင်ကြားပေးလျက်ရှိသည်။
တိုင်းဒေသကြီးပြည်သူ့ဆေးရုံတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် လှူဒါန်းသည့် Oxygen Plantနှင့် အဆောက်အဦး လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်
Jan 22,2022
မကွေးတိုင်းဒေသကြီးပြည်သူ့ဆေးရုံတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် လှူဒါန်းသည့် Oxygen Plant နှင့် အဆောက်အဦ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က တိုင်းဒေသကြီးပြည်သူ့ဆေးရုံးကြီး၊ (၅)ထပ် ဆောင်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်ဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့ မြို့မဈေးကြီးအတွင်း၌ မီးဘေးကြိုတင်ကာကွယ်ရေးသရုပ်ပြလေ့ကျင့်
Jan 22,2022
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ မီးဘေးကြိုတင်တားဆီးရေးကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြို့မဈေးကြီး မီးဘေးလုံခြုံရေးအတွက် မီးဘေးကာကွယ်ရေးသရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ကိုဗစ်-၁၉ ကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အဆိုပါ ဈေးကြီးအတွင်းရှိ ဈေးတာဝန်ခံရုံးရှေ့၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Jan 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့ ကောင်းမှုတန်ကျေးရွာ၌ Quarantine ဝင်ရောက်နေသူများနှင့် Quarantine Centre အဖြစ် ပြင်ဆင်ဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ ကောင်းမှုတန်ကျေးရွာ၌ Quarantine ဝင်ရောက်နေသူများနှင့် ဆိုက်ခေါင်ကျေးရွာရှိ အဆောက်အအုံအား Quarantine Centre အဖြစ်ပြင်ဆင်ဆောင်ရွက် နေမှုအား ယမန်နေ့နံနက်(၉)နာရီက တာဝန်ရှိသူများကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
မိုင်းဆတ်မြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
Jan 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဇန်နဝါရီလ(၁၈)ရက်နေ့ညက လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများသို့ ယမန်နေ့နံနက်(၁၀)နာရီခွဲက တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်
Jan 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်း မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၈ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။