ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသူများနှင့် ဒုတိယအကြိမ် ဆေးထိုးရန်ကျန်ရှိသူများ စတင်ထိုးနှံပေး

ဝေါ  ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး  ပထမအကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ များကို ယနေ့နံနက်ပိုင်းတွင် ဝေါမြို့ခန်းမ၌ ဆေးထိုးစုရပ် (၂)နေရာခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် Sinopharm ၊ Sinovac ၊COVISHIELD ဆေးအမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူ (၆၈၈၃၁) ဦးနှင့် ပထမအကြိမ်လူဦးရေ (၈၂၂၁၉) ဦး၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူက လူဦးရေ (၅၇၇၄၇)ဦးကာ ဝေါမြို့နယ်အတွင်း ကာကွယ်ဆေးထိုးရန် (၁၅၁၀၅၀)ဦးရှိကြောင်း သိရသည်။

ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပေးရာတွင် ဝေါမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။

ဝေါမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးစနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ပြည်သူများကိုလည်း သက်ဆိုင်ရာဆေးထိုးစုရပ်များအလိုက် မပျက်မကွက် ကာကွယ်ဆေးသွားရောက် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

အောင်မြတ်လင်း( ပြန်/ဆက် )