ကျောက်မဲ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ကျောက်မဲမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များ၏ အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နှင်းရည်က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျောက်မဲမြို့နယ် သူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်ခွဲမှူးလွေးဥမ္မာက ကျောက်မဲမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မိုင်းနှင့်စစ်လက်နက်အကြွင်း အ ကျန်များကြောင့် ဒေသအတွင်း ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများ၊ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသအတွင်းနေထိုင်လျက်ရှိသည့် ပြည် သူလူထုအနေဖြင့် သတိပြုနေထိုင်သင့်သည့်အချက်များနှင့် မိုင်းနှင့် စစ်လက်နက်နက်များတွေ့ရှိခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရှိခြင်းများရှိပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များတို့ကို အသေးစိပ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါဆွေးနွေးချက် ရုပ်သံအပြည့်အစုံတို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)