မိုင်းရယ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

မိုင်းရယ် ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လားရှိုးခရိုင်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်၊ မိုင်းရယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် မိုင်းရယ်မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်တို့သည် ယမန်နေ့က မိုင်းရယ်မြို့နယ် လွယ်ငင်းကျေးရွာတွင် ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင် ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုခဲ့သည်။

လားရှိုးခရိုင် လက်ထောက်ညွှန်ကြားရေးမှူးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု၊ အရေးပါမှု၊ လူမှုဘဝများအတွက် မရှိမဖြစ် အရေးကြီးလိုအပ်ချက်ဖြစ်မှုနှင့် လိုက်နာရမည့်အချက်များကို ဟောပြောဆွေးနွေးခဲ့ပါသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် မိုင်းရယ်မြို့နယ် လွယ်ငင်းကျေးရွာအုပ်စုအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၂၅)ပြားအား ဆောင် ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကျော်ဇင်ထိုက်